ပါ၀င်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် ၁ပိသာအတွက်ပြုလုပ်ပါမယ်။
၂။ ငါးကြင်း ၄၀
၃။ ဌက်ပျောအူ ၁ပင်
အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော
စိမ်ထားပေးပါ။
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ ၁စည်း
(ပါးပါးလှီးထားပါ)
၅။ ကြိုက်နှစ်သက်ရာ အကြော်
ဆီသတ်ရန် ပါ၀င်ပစ္စည်းများ
၁။ ကြက်သွန်နီ ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း ၅ကျပ်သား (ထောင်းထားပါ)
၄။ စပါးလင် ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ ၁၀ကျပ်သား
၆။ ငရုတ်ပွနီ ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ ၂၀လုံး (အခွံခွာထားပေးပါ)
ပြင်ဆင်နည်း
၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ထုထောင်းပြီးပြုတ်ထားပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
မုန့်ဟင်းခါး စချက်ပါတော့မည်။
၄။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင် 2ပင်(ထုထောင်း ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်၀င်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(7 လီတာကို ထည့်ပါ။
၇။ ဟင်းရည်ဆူလာလျှင် ဆန်လှော်မှုန့်၊ပဲကြက်မှုန့် တို့ကို ဟင်းရေကို ဇွန်းနဲ့မွှေရင်း ဖြူးထည့်ပါ။(တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။ ဟင်းရည် အပျစ်၊အကျဲပေါ်မူတည်ပြီး ဆန်လှော်မှုန့်နဲ့ပဲမှုန့်ကိုချင့်ချိန်ထည့်ပါ)အရသာအတွက်
ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(အနည်းငယ်)၊သကြားတို့ကို ထည့်ပေးပါ။
၈။ ကြက်သွန်နီ အလုံးသေးများကို အလုံးလိုက် ထည့်လိုက်ပါ။
၉။ ကြက်သွန်နီများ နူးသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ..
Credit
Comments
Post a Comment